| WELCOME TO OUR SITE | ||
|
၂၁ရာစုသစ်သည် အရှိန်ရလျက် ခရီးဆက်နေသည်။ ရာစုဟောင်းတို့သည် သမိုင်းစဉ်တွင် နေရာယူကာ ကျန်ရစ်ခဲ့လေပြီ။ ပီပြင်သော မှုန်ဝါးသော ကြမ်းတမ်းသော ချောမွေ့သော ချိုမြိန်သော ခါးသက်သော ကောင်းသော ဆိုးသော စကြာဝဠာတစ်ခွင် ဖြစ်ဖြစ်သမျှ လောကဓမ္မတို့ကို ပုံရိပ်များ အဖြစ် မှတ်တမ်းတင်ဖို့ရာ နည်းအမျိုးမျိုးဖြင့် ကြိုးပမ်း ဆောင်ရွက်နေကြသည့် လူ့အဖွဲ့အစည်းတွင် ITလုပ်ငန်းများ၏ အချိန်နှင့် တပြေးညီ သတင်းအချက်အလက် စီးမျောမှုသည် တဟုန်ထိုး တိုးတက် လျင်မြန်လာနေသည်။ ဂန္ဓာရမှသည် စစ်ကိုင်း၊ တက္ကသီလာမှသည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် . . . ထိုကဲ့သို့ သမိုင်းတွင်သည့် ယဉ်ကျေးမှုဖြစ်စဉ်များကို ပုံဖော်၍ မျက်မှောက် ခေတ်၏ ပညာရေးဆိုင်ရာ ပြူပြင်ပြောင်းလဲမှုတစ်ရပ်အဖြစ် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အသွင်အပြင် အယူအဆ အလုပ်အကိုင်တို့ကို ရှုထောင့်မျိုးစုံမှ တင်ပြနိုင်ဖို့ရာ SITAGU STAR SIBA STUDENT REVIEW သည်လည်း ပါဝင်လာပါပြီ။ တိကျသော မှတ်တမ်းမှတ်ရာများ ပီပြင်သော ဖန်တီး တင်ဆက် မှုများဖြင့် စွမ်းအားပြည့် ကြိုးပမ်းသွားမည် ဖြစ်သည်။ ခရီးအစ အားနည်းချက်များ လိုအပ်ချက်များကို ဖြည့်စွက်နိုင်ရေးအတွက် ဝေဖန် အကြံပြု ဆွေးနွေးဖို့ရာ အားလုံးကို ဖိတ်ခေါ်ပါသည်။ http://www.sitagustar.com မှ ကြိုဆိုပါ၏ . . . ။ |
||
|
||||||||||||
|
Copyright 2007 © Sitagu Star. All rights reserved. |
||||||||||||